ဆုံချက်မော်ကွန်း – သည် နိုင်ငံတကာ မှ ဓာတ်ပုံနှင့် အမြင်ဆိုင်ရာ ယဉ်ကျေးမှု အကြောင်း စိတ်ဝင်တစား လေ့လာနေကြသူများ ၏ ဆုံဆည်းရာ အစီအစဥ်တစ်ခု အဖြစ် ရည်မှန်း ထားပါသည်​။ နိုင်ငံတကာ နှင့် မြန်မာနိုင်ငံတွင်းမှ မိတ်ဖက်များ နှင့် ပူးပေါင်းပြီး မြန်မာ့ဓာတ်ပုံမော်ကွန်း (Myanmar Photo Archive) နှင့် Goethe-Institut မြန်မာ တို့ မှပူးတွဲစီစဥ်မည့် အစီအစဥ်တစ်ခု လည်းဖြစ်ပါသည်။

‘Archives in Focus’ တွင် မော်ကွန်း ရှိ ဓာတ်ပုံပစ္စည်းများ အား လူထုကိုယ်တိုင်ပါဝင် ပြီး မတူကွဲပြားစွာ ပြန်လည်အဓိပ္ပာယ်ဖွင့်ဆိုနိုင်စေဖို့ရန် အဓိကထားလုပ်ဆောင်သွားမည်ဖြစ်ပြီး

မြန်မာ့ဓာတ်ပုံမော်ကွန်းနှင့် Goethe-Institut မြန်မာတို့ ကြား နှစ်နှစ်တာ ပူးပေါင်းလက်တွဲမှု ၏ အဆုံးသတ် အစီအစဥ် လို့လဲ​ဆိုနိုင်ပါသည်။​ မြန်မာ့ဓာတ်ပုံမော်ကွန်း နှင့် Goethe-Institut မြန်မာ တို့ကြား ပြီးခဲ့သည့် နှစ်နှစ်တာ အတွင်း လက်တွဲလုပ်ဆောင်ခဲ့သည့် ရလဒ်များအား ပြသခြင်း၊ နိုင်ငံတကာမှ အစီအစဥ်များ နှင့် လက်ရာများ ပါဝင်ပြသခြင်း စသည့် အစီအစဥ်များကို  (၃) ပတ်တာ စီစဥ် ကျင်းပသွားမည်ဖြစ်ပါသည်။​ ဤသို့ တမူထူးခြားသည့် Archives in Focus (ဆုံချက်မော်ကွန်း) ပြပွဲကို နိုဝင်ဘာလ ၁၅ ရက်မှ ဒီဇင်ဘာလ ၂၂ ရက်ထိ မြန်မာနိုင်ငံရဲ့ ရန်ကုန်မြို့ နှင့် ထိုင်းနိုင်ငံ ရဲ့ ချင်းမိုင်မြို့ တွင် ကျင်းပမည်ဖြစ်သည်။

၁၉ ရာစုနှင့် ၂၀ ရာစုနှစ်များတွင် အသက်ရှင်ခဲ့ကြသည့် ကျွမ်းကျင်ဓာတ်ပုံဆရာများနှင့် အပျော်တန်း ဓာတ်ပုံဆရာများမှ မှတ်တမ်းတင်ခဲ့ကြသော မြန်မာနိုင်ငံက သာမက နိုင်ငံတကာမှ လူနေမှုဘဝများကို စိတ်၀င်စားဖွယ်ရာ သမိုင်းဇာတ်ကြောင်းများဖြင့် ပြသသွားမည်ဖြစ်ပါသည်။ ဤ အစီအစဥ် တွင် ကိုယ်ပိုင်ဖြစ်တည်မှုအမှတ်သညာများ၊ ယဥ်ကျေးမှုများ နှင့် ရွှေ့ပြောင်းနေထိုင်မှုဖြစ်စဥ်များ အကြောင်း ကို ကိုလိုနီခေတ် ဓာတ်ပုံများဖြင့်သာမက ခေတ်ပြိုင်အနုပညာများဖြင့်ပါ အဖြေရှာထားသည့် အနုပညာ လက်ရာများ ကို စုံစုံလင်လင်ဖြင့် တမူထူးခြားစွာ ပါဝင်ပြသသွားမည်ဖြစ်ပါသည်။ လူမှုအုပ်ချုပ်မှုပုံစံ၊ စနစ်များ နှင့်ပတ်သက်၍ ဒေသတွင်းမှာသာမက နိုင်ငံတကာမှာပါ ကွဲပြားခြားနားလာကြသည် နှင့်အမျှ ဤ အစီအစဥ်မှ တဆင့် အတိတ် နှင့် ပစ္စုပ္ပန် ကာလကို ပြန်လည်သုံးသပ်၊ တွေးမြင်ကြည့်ကြစေရန် ဖိတ်ခေါ်လိုပါသည်။ အနုပညာရှင်များ၊ ကျူရေတာများ၊ အနုပညာအစုအဖွဲ့များသည် သမိုင်းဆိုင်ရာ အမြင်သစ်များ အပြင် ကိုယ်ပိုင် အတွေ့အကြုံများကို အနုပညာပြပွဲများ၊ အလုပ်ရုံဆွေးနွေးပွဲများ၊ ဟောပြောပွဲများ တို့မှတဆင့် တွေ့ဆုံ ဖလှယ်နိုင်ကြမည်ဖြစ်ပါသည်။