ပြန်တွေးမြင်ကြည့် – Rethink

Exhibition

အတိတ်တွင် ရှိခဲ့သော လူများ၊ ဖြစ်တည်မှုများ နှင့် လက်ရှိ ပစ္စုပ္ပန်တွင် ရှိကြသော အနုပညာရှင်များကြား ပေါင်းကူးပေးခဲ့သည့် တံတားတစ်ခုရှိခဲ့သည်။ အဆိုပါ တံတား မှ ကူးလူး၍ ဖြစ်ပေါ်လာသော ဖန်တီးမှု များသည် အစဥ်တိုင်းဖြစ်နေသော အချိန်ကာလာ တစ်ခု ကို ချိုးဖောက်ထားသည်။ အတိတ်သည် အတိတ်တွင်သာ ရှိနေခြင်းမဟုတ်တော့သလို ပစ္စုပ္ပန်သည် လည်း ပစ္စုပ္ပန် တွင်ပဲ မဟုတ်တော့ပေ။

ပြန်တွေးမြင်ကြည့်ပြပွဲသည် မြန်မာ့ဓာတ်ပုံမော်ကွန်းတိုက် မှ အနုပညာ ဖန်တီးဖို့ ရန် ပံ့ပိုးကူညီပေးခဲ့သော ထောက်ပံ့ကြေးအစီအစဥ် မှ ထွက်ပေါ်လာခဲ့သည့် အနုပညာလက်ရာများ ကို ပထမဦးဆုံး အကြိမ် ပြသပေးမည့် ပြပွဲဖြစ်ပါသည်။

Goethe Institut Myanmar ပံ့ပိုးမှု နှင့် အတူ ဖြစ်တည်လာသည့် open call အစီအစဥ် မှ ဖန်တီးထားသည့် အနုပညာလက်ရာများ နှင့်အတူ အချိန်ကာလများကို အတူဖြတ်သန်းရင်းပြန်တွေးမြင်ကြည့်ကြရန် အားလုံးကို ဖိတ်ခေါ်လိုပါသည်။